အဓိကအကြောင်းအရာသို့ သွားရန်
Asia New Way
ပို့စ်များ အားလုံး

ဆေးရုံ သတင်းအချက်အလက်

ပရာရမ် ၉ ဆေးရုံ (Praram 9 Hospital)

ပရာရမ် ၉ ဆေးရုံ (Praram 9 Hospital) သည် လွန်ခဲ့သော ၃၃ နှစ်တာကာလပတ်လုံး ကျန်းမာရေးဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် အဆင့်မြင့် ဆေးဝါးကုသမှု နည်းပညာများကို…

ပရာရမ် ၉ ဆေးရုံ (Praram 9 Hospital) သည် လွန်ခဲ့သော ၃၃ နှစ်တာကာလပတ်လုံး ကျန်းမာရေးဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် အဆင့်မြင့် ဆေးဝါးကုသမှု နည်းပညာများကို အသုံးပြု၍ ထူးချွန်ထက်မြက်သော ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်။ သင်၏ ဘေးကင်းလုံခြုံရေးနှင့် အရည်အသွေးမြင့် ဝန်ဆောင်မှုများသည် ကမ္ဘာတစ်ဝှမ်းရှိ ဆေးဘက်ဆိုင်ရာ စတာများ၏ စံချိန်စံညွှန်းများနှင့် တန်းတူဖြစ်စေရေးအတွက် ကျွန်ုပ်တို့ အထူးဂရုစိုက် ဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့၏ ဆေးရုံသည် ၂၀၁၀ ပြည့်နှစ်မှစတင်၍ နိုင်ငံတကာ ဆေးရုံ အရည်အသွေး စံချိန်စံညွှန်းအဖွဲ့ (JCI) ၏ အသိအမှတ်ပြုလက်မှတ်ကို ရရှိခဲ့ပြီး ကျွန်ုပ်တို့၏ ကျောက်ကပ်ရောဂါနှင့် ကျောက်ကပ်အစားထိုး ကုသရေးဌာနအတွက်လည်း JCI မှ သီးသန့် အထူးအသိအမှတ်ပြုလက်မှတ်ကို ရရှိထားပါသည်။

ပရာရမ် ၉ ဆေးရုံမှ ကျွန်ုပ်တို့၏ အထူးကုဆရာဝန်ကြီးများသည် ဦးနှောက်ခွဲစိတ်မှုများ၊ နှလုံးခွဲစိတ်မှုများနှင့် ကျောက်ကပ်အစားထိုး ကုသမှုများ အပါအဝင် အခြားသော ရှုပ်ထွေးဆန်းပြားသည့် ရောဂါများကို ကုသရာတွင် အထူးကျွမ်းကျင်ကြပါသည်။ ပရာရမ် ၉ ဆေးရုံသည် ၎င်း၏ ကျောက်ကပ်ရောဂါနှင့် ကျောက်ကပ်အစားထိုး ကုသရေးဌာနကြောင့် လူသိများထင်ရှားပြီး ကျောက်ကပ်အစားထိုး ကုသမှုပေါင်း ၁,၀၀၀ ကျော်ကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့သဖြင့် ပရာရမ် ၉ ဆေးရုံအား ထိုင်းနိုင်ငံတွင် ကျောက်ကပ်အစားထိုး ကုသမှုအတွက် ထိပ်တန်း ပုဂ္ဂလိကဆေးရုံအဖြစ် ရပ်တည်စေခဲ့ပါသည်။ လူနာများအတွက် အဘေးကင်းဆုံးနှင့် အမြင့်မားဆုံး အရည်အသွေးရှိသော ကုသမှုများ ရရှိစေရန်အတွက် အဆင့်မြင့် ဆေးဝါးကုသမှု နည်းပညာများကို စတင်ပေါင်းစပ် အသုံးပြုခဲ့သည့် ထိုင်းနိုင်ငံ၏ ရှေ့ဆောင်ဆေးရုံများထဲတွင် ကျွန်ုပ်တို့လည်း အပါအဝင် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ထိုင်းနိုင်ငံတွင် CT Scan 640 slice၊ 4D Ultrasound နှင့် မှန်ပြောင်းခွဲစိတ်ကုသမှု (Laparoscopic surgery) တို့ကို ပထမဆုံး စတင်ဝန်ဆောင်မှုပေးခဲ့သည့် ဆေးရုံ ဖြစ်ပါသည်။

ပရာရမ် ၉ ဆေးရုံအပေါ် ၃၃ နှစ်တာကာလပတ်လုံး ယုံကြည်အားကိုးခဲ့မှုများအတိုင်း၊ မျိုးဆက်သစ်များနှင့် ကျန်းမာရေးလိုက်စားသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု အသိုက်အဝန်းတစ်ခု ဖန်တီးပေးရန် မျှော်မှန်းချက်ဖြင့် မိသားစုသစ်ကို တိုးချဲ့ခဲ့ပါသည်။ ကျွန်ုပ်တို့၏ မိသားစုသစ်ဖြစ်သော Praram 9 Medical Center သည် သစ်လွင်ခေတ်မီသော ဆေးဝါးကုသမှု နည်းပညာများ တပ်ဆင်ထားသည့် ခေတ်မီဆန်းသစ်ပြီး ဆန်းပြားတင့်တယ်သော အဆောက်အအုံကြီးတွင် ထူးချွန်ထက်မြက်သည့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်။ ဘန်ကောက်မြို့၏ အဓိက စီးပွားရေးဇုန်အသစ်၏ ဗဟိုချက်တွင် တည်ရှိသော ကျွန်ုပ်တို့၏ Fix & Fit ဌာနသည် ယနေ့ခေတ် လုပ်ငန်းခွင် မျိုးဆက်သစ်များ၏ ပြဿနာများကို ဖြေရှင်းပေးနိုင်သည့် ရုံးထိုင်များလွန်း၍ ဖြစ်ပွားသော ဝေဒနာများ (Office syndrome)၊ အားကစားကြောင့် ရရှိသော ဒဏ်ရာများနှင့် စိတ်ဖိစီးမှုဆိုင်ရာ ရောဂါလက္ခဏာများကို ကုသပေးခြင်းအပါအဝင် နာကျင်မှုဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများတွင် အထူးပြုပါသည်။ ကျွန်ုပ်တို့၏ ဆေးဘက်ဆိုင်ရာ စင်တာတွင်ပင် တစ်နေရာတည်း၌ ပြည့်စုံသော ဝန်ဆောင်မှုများ (One-stop comprehensive service) ကို ပေးအပ်နိုင်ရန်အတွက် ရောဂါ၏ အရင်းအမြစ်ကို ကြိုတင်ရှာဖွေကုသပေးရန် ရည်ရွယ်ပါသည်။

ပရာရမ် ၉ ဆေးရုံသည် သင်၏ ဘေးကင်းလုံခြုံရေးနှင့် ကျေနပ်အားရမှု နှစ်မျိုးလုံးကို အာမခံပေးသည့် ထူးချွန်ထက်မြက်သော ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများကို ပေးအပ်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

Praram 9 Hospital Public Company Limited သည် ခေတ်မှီနည်းပညာများ တပ်ဆင်ထားပြီး နိုင်ငံတကာမှ ကျန်းမာရေးလာရောက်ကုသသော လူနာများကို ဝန်ဆောင်မှုပေးရန် ရည်ရွယ်ထားပါသည်။ အတွေ့အကြုံရှိသော စကားပြန်အဖွဲ့သည် အင်္ဂလိပ်၊ တရုတ်၊ မြန်မာ၊ ခမာ၊ ဂျပန် နှင့် အာရဗီ ဘာသာစကားများကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ပြီး အဆင်သင့် ရှိနေပါသည်။ အဓိကထား ဝန်ဆောင်မှုပေးခြင်းဖြင့် စကားပြန်တစ်ဦးစီသည် လူနာ ဆေးရုံသို့ မရောက်ရှိမီအချိန်မှစ၍ ဆေးရုံမှ ပြန်လည်မထွက်ခွာမီအထိ ခရီးစဉ်တစ်ခုလုံးတွင် ချောမွေ့ပြီး တိကျသော ဆက်သွယ်ပြောဆိုမှုများကို ပေးအပ်နိုင်ရန် ရည်ရွယ်ပါသည်။

စကားပြန်များသည် နေ့စဉ် နံနက် ၇:၀၀ နာရီမှ ညနေ ၅:၀၀ နာရီအထိ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

ကျွန်ုပ်တို့အဖွဲ့နှင့် ဆွေးနွေးပါ

လူကိုယ်တိုင် လမ်းညွှန်မှု ရယူနိုင်ရန် Viber မှ မက်ဆေ့ချ်ပို့ပါ သို့မဟုတ် ရန်ကုန်/မန္တလေး ရုံးခွဲသို့ ဖုန်းခေါ်ဆိုပါ။