အဓိကအကြောင်းအရာသို့ သွားရန်
Asia New Way
ပို့စ်များ အားလုံး

ဆေးရုံ သတင်းအချက်အလက်

မက်ပါခ်ဆေးရုံ (MedPark Hospital)

MedPark ဆေးရုံ ကို အမျိုးမျိုးသော ကျန်းမာရေးစောင့်ရှောက်မှု အသက်မွေးဝမ်းကျောင်း နယ်ပယ်ပေါင်းစုံမှ ပညာရှင်များနှင့် Mahachai Hospital Public Company Limited…

MedPark ဆေးရုံကို အမျိုးမျိုးသော ကျန်းမာရေးစောင့်ရှောက်မှု အသက်မွေးဝမ်းကျောင်း နယ်ပယ်ပေါင်းစုံမှ ပညာရှင်များနှင့် Mahachai Hospital Public Company Limited တို့ ပူးပေါင်း၍ တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဆေးရုံကို ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍတွင် အတွေ့အကြုံ နှစ်ပေါင်း ၃၀ ကျော်ရှိသည့် ဆေးဘက်ဆိုင်ရာ ပညာရှင်များနှင့် စီမံခန့်ခွဲသူ အဖွဲ့များက ဦးစီးလုပ်ကိုင်လျက်ရှိသည်။ MedPark ဆေးရုံကို Mahachai Hospital Public Company Limited ၏ မန်နေဂျင်းဒါရိုက်တာ တာဝန်ယူထားသူ ဒေါက်တာ ဖုန်းပတ်တ် ပထနဝနိချ် (Pongpat Patanavanich, M.D.) မှ ဦးဆောင်ထားခြင်းဖြစ်သည်။ Mahachai Hospital Public Company Limited သည် ၂၀၁၉၊ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်များအတွက် ထိုင်းနိုင်ငံ စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံမှု ဆု (Thailand Sustainability Investment Award) ကိုလည်း ရရှိခဲ့သည်။ ထို့အပြင် ဒေါက်တာ ဖုန်းပတ်တ် ပထနဝနိချ် သည် ထိုင်း ပုဂ္ဂလိကဆေးရုံများအသင်း (TPHA) ၏ ဥက္ကဋ္ဌဟောင်း တစ်ဦးဖြစ်ပြီး အာဆီယံ ပုဂ္ဂလိကဆေးရုံများအသင်းကို ပူးတွဲတည်ထောင်သူ တစ်ဦးလည်း ဖြစ်သည်။ ဆေးရုံသည် ဆေးရုံညွှန်ကြားရေးမှူးနှင့် ပူးတွဲ အလုပ်အမှုဆောင် အရာရှိချုပ် တာဝန်များကို ရယူထားသူ ပါမောက္ခ စင်းန် အနုရတ်စ် (Professor Sinn Anuras) နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ၎င်းသည် အမေရိကန်ပြည်ထောင်စု University of Iowa ဆေးကျောင်းနှင့် Texas Tech University ဆေးကျောင်းတို့၏ ပါမောက္ခဟောင်း တစ်ဦးဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ပုဂ္ဂလိကဆေးရုံများ၏ အလုပ်အမှုဆောင် ကော်မတီဝင်ဟောင်း တစ်ဦးနှင့် ထိုင်းနိုင်ငံတွင် ဆေးဘက်ဆိုင်ရာ ခရီးသွားလုပ်ငန်း (Medical Tourism) ကို စတင်ဖော်ဆောင်ခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။ ၎င်းသည် Hospital Management Asia မှ ပေးအပ်သည့် ၂၀၁၈ ခုနှစ်အတွက် တစ်သက်တာ အောင်မြင်မှုဆု (Lifetime Achievement Award 2018) ကိုလည်း ရရှိခဲ့သည်။

TPP Healthcare International Co., Ltd. အောက်တွင် လည်ပတ်နေသော MedPark ဆေးရုံ၏ အဓိကရည်ရွယ်ချက်မှာ ဆက်စပ်နယ်ပယ်ပေါင်းစုံမှ အဖွဲ့အစည်းများ ပူးပေါင်းပါဝင်သည့် စနစ်တကျ စောင့်ရှောက်မှု (Integrated Care) မူဝါဒနှင့်အညီ လူနာများကို အပြည့်အဝ ကုသမှုပေးနိုင်ရန် ထိုင်းကျန်းမာရေး ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို စုစည်းရန်ဖြစ်သည်။ MedPark သည် မြင့်မားသော ဘေးကင်းလုံခြုံမှုအဆင့်ဖြင့် လုပ်ဆောင်နေပြီး လူနာများ၏ လက်ရှိလူနေမှုဘဝ ပုံစံများနှင့် ကိုက်ညီစွာ စဉ်ဆက်မပြတ် ကြည့်ရှုစောင့်ရှောက်ရန် တန်ဖိုးအခြေခံ စောင့်ရှောက်မှု (Value-based care) ကို ကျင့်သုံးပါသည်။

ထို့အပြင် MedPark ဆေးရုံသည် လူနာများအား ကုသပြုစုမှုကို မြှင့်တင်ရန်၊ စိုးရိမ်ရသော လူနာများကို အထူးပြုစုနိုင်ရန်၊ ခက်ခဲနက်နဲသော ရောဂါကုသမှုများအတွက် ပြင်ဆင်နိုင်ရန်နှင့် အဆင့်မြင့် ကုသမှု (Quaternary care) အထိ ဆောင်ရွက်ကာ အရှေ့တောင်အာရှ၏ ထိပ်တန်း ဆေးဘက်ဆိုင်ရာ အဆောက်အအုံတစ်ခုအဖြစ် ရပ်တည်နိုင်ရန်အတွက် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၏ အသိပညာကို စဉ်ဆက်မပြတ် တိုးတက်စေမည့် ပညာရေးနှင့် သုတေသနလုပ်ငန်းများကို ကူညီပံ့ပိုးပေးပါသည်။

MedPark ဆေးရုံသည် လူနာများ၏ ကျန်းမာရေးနှင့် သုခချမ်းသာကို အမှန်တကယ် ရှေးရှု၍ အသေးစိတ် အချက်အလက်တိုင်းတွင် ဆရာဝန်အဖွဲ့တစ်ဖွဲ့၏ စုပေါင်းဖန်တီးမှု ရလဒ်ဖြစ်သည်။ ကုသမှု အရည်အသွေးနှင့် ဘေးကင်းလုံခြုံရေးတွင် ထူးချွန်မှု၊ တန်ဖိုးအခြေခံ စောင့်ရှောက်မှု၊ လူနာများအတွက် အကောင်းဆုံး အတွေ့အကြုံနှင့် ကျန်းမာရေး ဝန်ဆောင်မှု အရည်အသွေး အမြင့်ဆုံးအဆင့်ကို ရရှိစေရန်အတွက် ဆေးဘက်ဆိုင်ရာ အထူးကု ဆရာဝန်များသည် ဆေးရုံ၏ စီမံခန့်ခွဲသူများ၊ ဒီဇိုင်းပညာရှင်များနှင့် ဆောက်လုပ်ရေး အဖွဲ့များနှင့်အတူ မြေနေရာ ဒီဇိုင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများ၊ စက်ပစ္စည်း ဝယ်ယူမှုများမှသည် လူနာပြုစုကုသမှု လုပ်ငန်းစဉ်များ ရေးဆွဲခြင်းအထိ အဆင့်တိုင်းတွင် ပူးပေါင်းပါဝင်ခဲ့ကြသည်။

MedPark ဆေးရုံသည် ရာမ ၄ လမ်းမပေါ်ရှိ စီးပွားရေးဇုန်အသစ်၏ ဗဟိုချက်တွင် တည်ရှိသည်။ စတုရန်းမီတာ ၉၀,၀၀၀ ကျယ်ဝန်းသည့် ၂၅ ထပ်မြင့် သီးသန့် အဆောက်အအုံတွင် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ ဆေးရုံသည် ဆေးပညာ နယ်ပယ် ၃၀ ကျော်မှ အထူးကု ဆရာဝန်များနှင့် ပူးပေါင်းထားသည်။ အပြည့်အဝ လည်ပတ်သည့်အခါ ဆေးရုံသည် ပြင်ပလူနာ စမ်းသပ်စစ်ဆေးခန်းပေါင်း ၃၀၀ တွင် ဝန်ဆောင်မှုပေးနိုင်ပြီး စိုးရိမ်ရလူနာ ကုသဆောင် (ICU) ခုတင် ၁၃၀ အပါအဝင် အတွင်းလူနာ ၅၅၀ အတွက် ခုတင်များ ပံ့ပိုးပေးနိုင်ပါသည်။ ပါဝင်သည့် အဆင့်မြင့် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းများတွင် PET-CT၊ MRI 3 Tesla၊ SPECT-CT၊ နျူကလီးယား ဆေးပညာ (Nuclear Medicine)၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (LINAC စက်) နှင့် Hybrid ခွဲစိတ်ခန်းတို့ ပါဝင်ပါသည်။

ကျွန်ုပ်တို့အဖွဲ့နှင့် ဆွေးနွေးပါ

လူကိုယ်တိုင် လမ်းညွှန်မှု ရယူနိုင်ရန် Viber မှ မက်ဆေ့ချ်ပို့ပါ သို့မဟုတ် ရန်ကုန်/မန္တလေး ရုံးခွဲသို့ ဖုန်းခေါ်ဆိုပါ။