ဤဆေးရုံအကြောင်း
နောက်ခံသမိုင်းကြောင်း
BPK ဆေးရုံအုပ်စုကို ဒေါက်တာ Chareong Chandrakamol နှင့် တွဲဖက်ပါမောက္ခ Pittaya Chandrakamol တို့မှ 1981ခုနှစ်တွင် Bangpakok အထူးကုဆေးခန်းအမည်ဖြင့် စတင်တည်ထောင်ခဲ့ပါသည်။ လူနာများအားလုံးကို အရည်အသွေးပြည့်မှီသော စောင့်ရှောက်မှုနှင့်၀န်ဆောင်မှုများပေးဆောင်ခြင်းဖြင့် အထူးကုဆေးခန်းသည် လူအများကြားတွင် ဂုဏ်သတင်းအလွန်ကြီးထွားလာပြီး ထပ်မံတိုးချဲ့တည်ဆောက်ရန်လိုအပ်လာခဲ့ပါသည်။ ထို့ကြောင့် နောက်ဆုံးတွင် Bangpakok 1 ဆေးရုံကြီးအဖြစ် စတင်တည်ထောင်ခဲ့ကာ လူနာများအား ပြည့်စုံသော၀န်ဆောင်မှုများပေးနိုင်ရန် မျှော်မှန်းချက်ဖြင့် အထူးကုဆရာ၀န်များအဖွဲ့၊ Dr.Chareong Chandrakamol နှင့် BPK ဆေးရုံအုပ်စု၏ အမှုဆောင်အဖွဲ့တို့သည် ၎င်းတို့၏ ဆေးရုံကွန်ရက်များကို ဘန်ကောက်မြို့နှင့်အနီးတစ်၀ိုက်ဒေသများတွင် ဆက်လက်တိုးချဲ့တည်ထောင်ခဲ့ကြပါသည်။
- Bangpakok 1 ဆေးရုံကြီး (1994 ခုနှစ်)
- Bangpakok 2 ဆေးရုံကြီး (1990 ခုနှစ်)
- Bangpakok 3 ဆေးရုံကြီး (1996 ခုနှစ်)
- Bangpakok 8 နိုင်ငံတကာဆေးရုံကြီး (2003 ခုနှစ်)
- Bangpakok 9 နိုင်ငံတကာဆေးရုံကြီး (2003 ခုနှစ်)
- Bangpakok ဆေးဖက်ဆိုင်ရာဆေးခန်း (1981 ခုနှစ်) တွင် အသီးသီးတည်ထောင်ခဲ့ပါသည်။
- Piyavate Hospital (BPK ဆေးရုံအုပ်စု၏လက်အောက်တွင် 2016 မှစတင်၍)
- Bangpakok 2 Rangsit (BPK ဆေးရုံအုပ်စု၏လက်အောက်တွင် 2016 မှစတင်၍)
Bangpakok 9 နိုင်ငံတကာဆေးရုံကြီးသည် ထိုင်းနိုင်ငံရှိ ထိပ်တန်းပုဂ္ဂလိက ဆေးရုံများအနက်မှတစ်ခုဖြစ်ပြီး BPK ဆေးရုံအုပ်စု၏လက်အောက်တွင်ရှိပါသည်။ ဤဆေးရုံကို Dr.Chareong Chadrakamol နှင့် တွဲဖက်ပါမောက္ခ Bidhya Chandrakamol တို့မှ 2003 ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပါသည်။ BPK 9 နိုင်ငံတကာဆေးရုံကြီးသည် နာမည်ကြီးကျောက်ဖယားမြစ်အနီး ဘန်ပကောက်ဧရိယာရှိ Rama 2 လမ်းမကြီးပေါ် တွင်တည်ရှိပြီး သုဝဏ္ဏဘူမိလေဆိပ်မှ မိနစ် ၃၀ ခန့်သာသွားရပါသည်။ အရည်အချင်းပြည့်၀ပြီး ကျွမ်းကျင်သောအထူးကုဆရာ၀န်များအဖွဲ့ ၊ နောက်ဆုံးပေါ်ဆေး၀ါးများ နှင့် ခေတ်မှီစက်ပစ္စည်းကိရိယာများတပ်ဆင်ထားပြီး JCI (Joint Commission International) နှင့် HA (Hospital Accreditation) တို့မှ အသိအမှတ်ပြုခံထားရသော ကျွန်ုပ်တို့၏ BPK9 နိုင်ငံတကာဆေးရုံကြီးသည် ပြည်တွင်းပြည်ပရှိ လူနာများအား အဆင့်အတန်းမြင့်မားသော ဆေး၀ါးကုသမှုများပေးဆောင်ရန်အတွက်အသင့်ဖြစ်နေပါပြီ။
Bangpakok 9 Hospital တွင် ကုသမှုခံယူရန် မေးမြန်းပါ
Viber မှတစ်ဆင့် မက်ဆေ့ချ်ပို့ပါ သို့မဟုတ် ဖုန်းခေါ်ဆိုပါ — မေးမြန်းခြင်းများ၊ ရက်ချိန်းများနှင့် ခရီးစဉ်အတွက် အကူအညီပေးနိုင်ပါသည်။
